သင် သို့မဟုတ် အခြားသူတစ်ဦးသည် ချက်ချင်း အန္တရာယ်ဖြစ်နေပါက၊ ရဲကို ထရိုင်ပလ်ဇီးရိုး (000) တွင် ဖုန်းဆက်ပါ။

ကလေးတစ်ဦးသည် အန္တရာယ်နှင့်ရင်ဆိုင်နေရသည်ဟု သင်ထင်ပါက၊ သင်၏ပြည်နယ် သို့မဟုတ် နယ်မြေတွင်ရှိသည့် ဌာနသို့ ဖုန်းဆက်၍ သင်၏စိုးရိမ်မှုကို တင်ပြနိုင်ပါသည်။

မည်သူမည်ဝါ တင်ပြသည်ကို အမြဲတမ်း လျှို့ဝှက်ထားပါသည်။

ကလေးများအား အန္တရာယ်မှ ကာကွယ်ရန် မည်သည့်အချိန်တွင် ဌာနသို့ တင်ပြရမည်ဆိုသည်နှင့်ပတ်သက်သည့် ဥပဒေသည် တစ်ပြည်နယ်နှင့်တစ်ပြည်နယ် အနည်းငယ် ကွဲပြားပါသည်။ မည်သည့်အခါ မည်သို့ တင်ပြရမည်ကို သိရှိရန်၊ သင်၏ဒေသဆိုင်ရာ ကလေးထိန်းသိမ်းရေးဌာန၏ ဝဘ်ဆိုက်ကို သွားရောက်ကြည့်ရှုပါ။